ရေဦးမြိုနယ်တွင် တန်ဖိုးသင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်‌‌ ဝေပေး

ရေဦး နို၀င်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများ စားဝတ်​နေ​ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ယမန်နံနက် ၉ နာရီက လူစည်ကားရာ နေရာနှင့် အခြေခံလူတန်းစားများ နေထိုင်သည့် ရပ်ကွက်အချို့ နေရာများသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်၍ တန်ဖိုးသင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုးန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask) များ အခမဲ့ပေးဝေခြင်းတို့ကို‌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများက ရွှေဘိုပေါ်ဆန်းမွှေး ဆန်တစ်ပြည်၊ ကြက်သွန်နီ ၂၅ ကျပ်သား၊ ကြက်ဥ ၃ လုံး၊ ဆီ ၁၀ ကျပ်သားပါ ပစ္စည်းလေးမျိုးကို တန်ဖိုးသင့်ငွေ ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ကြကြောင်း၊ တန်ဖိုးသင့်စား‌ သောက်ကုန်ပစ္စည်း လေးမျိုးကို မည်သူမဆို အကန့်အသတ်မရှိ စိတ်တိုင်းကျ ၀ယ်ယူနိုင်ကြောင်း အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချရေးကော်မတီ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

သန်းသန်း (ပြန်/ဆက်)