ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ငါးသိုင်းချောင်း နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ စာရေးဆရာ ညိုမင်းဇံသာရေးသားခဲ့သော ငဇင်္ကါသီတာနှင့် မြသိန်းတန်ရာဇဝင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာဖတ်ပရိသတ်များဖြစ်သည့် ဉီးမောင်မောင်တိုး၊ ဉီးခင်မောင်သန်း၊ ဉီးကျော်ညွန့်၊ ဉီးသောင်းစိန်တို့က စာအုပ်အားဖတ်ရှုပြီး သိမြင်ခံစားရသည့် ဗဟုသုတများ၊ အတွေးအမြင်များနှင့် အကြံပြုချက်၊ သုံးသပ်ချက်များကို အသီးသီးဆွေးနွေးကြပြီး စာရေး ဆရာ ညိုမင်းဇံသာက ဒေသခံများ၏ သိမြင်ထားသည့် အယူအဆများ၊ သက်ဝင်ယုံကြည်မှုများကို မှန်ကန်တည့်မတ်စေလိုသဖြင့် မြသိန်းတန်ရာဇဝင်စာအုပ်ကို ရေးသားဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဒီပလိုမာဘွဲ့သင်တန်းသားများ ကိုးကားရန်ခွင့်ပြုပေးခဲ့သောစာအုပ် တစ်အုပ်ဖြစ်ကြောင်း၊ ယခုလို ဖတ်ရှုသုံးသပ်ပေးတဲ့အတွက် စာအုပ်တွင် ရေးသားချက်များလိုနေပိုနေမှုများကို သုံး သပ်မိပါကြောင်း ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စာဖတ်ဝိုင်းများကို ပြုလုပ်ပေးရခြင်းမှာ ပြည်သူများ စာဖတ်သည့်အလေ့အထများ တိုးမြှင့်လာစေရန်၊ လူထုအခြေပြုဗဟိုဌာနသို့ ဝင်ထွက်သွားလာသည့် အလေ့အထများရှိလာစေရန်၊ အကြောင်းအရာတစ်ခုကို အတွေးအခေါ်အမျိုးမျိုးဖြင့် သုံးသပ်တင်ပြကြသောကြောင့် နား ထောင်သူများအဖို့ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်းနှင့် နောက်လများတွင်လည်း ဒေသအတွင်းနေထိုင်သည့် စာရေးဆရာများ၏ စာအုပ်များကို ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဒေါ်နှင်းယုဝေက ပြောကြားခဲ့ကြောင်း သိရသည်။

 ငါးသိုင်းချောင်း(ပြန်/ဆက်)