မိုင်းပျဉ်း နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၃ နာရီက နဂါးနှစ်ကောင် (ကျောင်းလုံ) ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က ပြိုင်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပါသည်။ ဆက်လက်၍ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝါသနာရှင်မိဘပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ မြို့နယ်နှင့်ကျေးရွာများမှ အားကစားသမားအသင်း (၈) သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ၂၃−၁၁−၂၀၂၂ ရက်နေ့မှ ၂၅−၁၁−၂၀၂၂ ရက်နေ့ထိ (၃) ရက်ကျင်းပသွားမည်ဖြစ်၍ ဆုရရှိသော အားကစားအသင်းများအား ဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး (ပြန်/ဆက်)