ပွင့်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ကျေးလက်နေပြည်သူများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာရှိ ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် ဒေသခံတောင်သူများကို မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာ၌ ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ဒေသခံကျေးလက်နေပြည်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်အတွက် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးရေးလုပ်ငန်းအား အဆင်ပြေစွာစိုက်ပျိုးထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေများကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ချေးငွေထုတ်ချေးယူမည့် စီမံကိန်းအသင်းဝင်များအနေဖြင့် ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလို ကြောင်းနှင့် စီမံကိန်းချေးငွေများကို အကျိုးရှိရှိသုံးစွဲလုပ်ကိုင်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေနှင့်စပ်လျဉ်းပြီး အတိုးနှုန်းနှင့်ကာလ သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ပေတောကျေးရွာအုပ်စု၊ ပေါက်ကုန်းရွာသစ်ကျေးရွာမှ ဆောင်းနေကြာသီးနှံစိုက်ပျိုးမည့် ဒေသခံတောင်သူ ၁၀၇ ဦးအား မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေကျပ် သိန်း(၂၀၀)ကို စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး