ငွေဆောင်မြို့၊Ngwe Saung Yacht Club Resort ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

ငွေဆောင် နိုဝင်ဘာ ၂၄   

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငွေဆောင်မြို့၊ NgweSaung Yacht Club Resortတွင် ပူပြင်းသောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် များမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီး ဦးကောင်းပြည့်စုံနှင့် ဟိုတယ်ဝန် ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအားယမန်နေ့နေ့လည်၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာ၌ NgweSaungYachtClubResortတွင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီး ဦးကောင်းပြည့်စုံမှ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုအား ဟိုတယ်ဝန်ထမ်းများကို လက်တွေ့သရုပ်ပြပြီး လေ့ကျင့်ပေးခဲ့သည်။ထို့ နောက်မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ဟိုတယ်ဝန်ထမ်းများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

ထို့နောက် ငွေဆောင်မြို့ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီး ဦးကောင်းပြည့်စုံနှင့်ဟိုတယ်မှ တာဝန်ရှိသူများကများက ဟိုတယ်ဝန်းအတွင်းမီးဘေးအန္တရာယ်ကင်းရှင်းရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီးပူပြင်းသော နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္ တရာယ်ကိုဂရုစိုက်ကြ ရန်ဟောပြောခဲ့ကြောင်း သိရသည်။

ကျော်လင်းဦး(ပြန်/ဆက်)