ကျွန်းလှ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံ ၄၇၆၇၇ ဧက စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ နွေစပါး ၂၉၄၈ ဧက၊ ပဲမျိုးစုံ ၂၆၂၃၁ ဧက၊ ဆီထွက်သီးနှံ ၂၆၆၉၀ ဧက၊ စားဖိုဆောင်နှင့် အခြားသီးနှံ ၃၂၇၆ ဧက စိုက်ပျိုးရန် လျာထားသည်။
“ဆောင်းသီးနှံ ၅၉၁၄၅ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်အထိ ၄၇၆၇၇ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ ချောင်းရေ၊ မြေအောက်ရေတင် စိုက်ပျိုးကြပါတယ်။ လျာထားချက် ပြည့်မီရေး ဆက်လက်စိုက်ပျိုးနေကြပါတယ်။ သီးထပ်၊ သီးညှပ်နဲ့ တိုးချဲ့ စိုက်ပျိုးဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးပြီးစီးမှု အနေဖြင့် ယနေ့အထိ ဆီထွက်သီးနှံ ၃၂၁၉၁ ဧက၊ ပဲမျိုးစုံ ၁၄၀၅၆ ဧက၊ အခြားသီးနှံ ၁၄၃၀ ဧက၊ စုစုပေါင်း ၄၇၆၇၇ ဧက ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ