သဲကုန်းမြို့၌ စာဆိုတော်နေ့အထိမ်းအမှတ် စာပေစကားဝိုင်း ကျင်းပ

သဲကုန်း နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စာရေးဆရာအသင်းမှ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေစကားဝိုင်းကျင်းပကို ယမန်နေ့က အောင်ဆန်းစာကြည့်တိုက် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာပေစကားဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းမှ ဆရာကြီးဦးသန်းမြင့် (အ.ထ.ပြ ငြိမ်း)၊ ဦးမောင်ငွေ (စာကြည့်တိုက်မှူး)၊ ဦးစိုးဇော်လှိုင် (စိုးဇော်လှိုင်  -ဆင်မြီးဆွဲ) ဦးစိန်းသန်း (စိန်သန်း  သိဃ်ာမြေ)၊ ဒေါ်မြင့်ကြည့် (မြတ်စုဝေ -သဲကုန်း) တို့မှ "သဲကုန်းမြို့နယ်မှ စာဆိုတော်များ" ခေါင်းစဉ်ဖြင့် မြို့နယ်မှ စာရေးဆရာများ၏ စာပေရေးရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်၊၊ အဆိုပါ စာပေစကားဝိုင်းကို သဲကုန်းမြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်