ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ ရှမ်းနှစ်သစ်ကူး ကောက်သစ်လှူဒါန်းဆွမ်းကပ်ခြင်း အခမ်းအနား ကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့၌ ရှမ်းနှစ် ၂၁၁၇ ခရစ်ခုနှစ်၊ ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူး ကောက်သစ်လှူဒါန်းဆွမ်းကပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကောင်းမှုခမ်းကျောင်းတိုက်တွင် ကျင်းပသည်။

အခမ်းအနားတွင် သံဃာတော်များ ကျိုင်းတုံမြို့ ရှမ်းတိုင်းရင်းသားများက နှစ်သစ်ကူးကောက်သစ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကောင်းမှုခမ်းကျောင်းတိုင် ဆရာတော်က နှစ်သစ်ကူးဆုံးမ ဩဝါဒတရားဟောကြားသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)