သာပေါင်းမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့မှ စစ်ဆေးခြင်းများဆောင်ရွက်

သာပေါင်း နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ဆေးခြင်းများဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် ဧရာဝတီတိုင်းဒေသကြီး FDA အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်ထူးအောင် ဦးစီးအရာရှိ ဒေါ်ခိုင်မေဦး၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်မာစိုး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်အောင်လွင်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနတို့က မြို့အတွင်းရှိ ဆေးဆိုင်(၈)တို့တွင် လိုင်စင်၊ စံမညီဆေးဝါးများ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများနှင့်စပ်ဆေးများရောင်းချနေခြင်း ရှိ၊မရှိကို မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း