သတင်းများ

ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ လွယ်ဆင်ကျေးရွာသို့ စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်း ဆောင်ရွက်
Nov 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းအရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအပြင် ပြည်သူလူထုတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက ဟွေးကျေးရွာအုပ်စု၊  လွယ်ဆင်ကျေးရွာသို့ စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Nov 24,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကို နိုဝင်ဘာ (၂၄) ရက် နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ ဖက္ကလိပ်ကျေးရွာ (အခြေခံ ပညာမူလတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Nov 24,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ယနေ့နံနက် ၁၀ နာရီက အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်နယ်အတွင်းစိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လိုသည့် WAIDRAGON Trading Co,Ltd အားလက်ခံတွေ့ဆုံ
Nov 24,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသည့် WAIDRAGON Trading Co,Ltd Managing Director နှင့် အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
စစ်ကိုင်းမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များဖြန့်ဝေပေး
Nov 24,2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့၊ မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Nov 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များအခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ဒေသနွားမျိုးများအား ​မျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Nov 24,2022
အသားကဏ္ဍ ဖွံ့ဖြိုးတိုက်ရေးအတွက် ခေတ်မီနည်းပညာများဖြင့် ဒေသနွားများအား မျိုးမြှင့်တင်၍ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များ တိုးတက်ရရှိနိုင်ရေး၊ တိရစ္ဆာန်ကောင်ရေ အရင်းအမြစ်များ မပြုန်းတီစေရန်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူထုတ်လုပ်ဖွံ့ဖြိုးမှု အထောက်အကူ ဖြစ်စေရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် မျိုးဗီဇရှိသော တိရစ္ဆာန်များ ဖော်ထုတ်ထိန်းသိမ်း မွေးမြူနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသနွားများ မျိုးမြှင့်တင်ရန်နှင့် နို့ထွက်နှုန်း ပိုမိုကောင်းမွန်စေရန် မျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဉ်ပါးမှုအသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှု World Antimicrobials Awareness Week အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Nov 24,2022
တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဉ်ပါးမှု အသိပညာပေးရက်သတ္တပတ်လှုပ်ရှားမှု World  Antimicrobials   Awareness   Week  အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ပုသိမ်မြို့၊ မြက်တို စုပေါင်းရုံးတွင် ယမန်နေ့၊ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။