ကျောက်တံခါးမြို့ မြို့မစျေးကြီးရှိ စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ကျောက်တံခါး နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့မစျေးကြီးတွင် ဖွင့်လှစ်ထားရှိသော ဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မစျေး ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများ ထားရှိမှုအား စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ပါက အလွယ်တကူ ငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးလက်တွေ့ အသုံးပြုပုံအား သရုပ်ပြခြင်းနှင့် မီးသတ်ယာဥ်အသုံးပြု၍ မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမင်းလတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီ အဖွဲ့ဝင်များ၊ စျေးသူစျေးသားများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)