သတင်းများ

လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက လှည်းကူးမြို့ ပဲခူး-ရန်ကုန်လမ်းမကြီး တစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက် (၁၁)နာရီ အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ဒေသအခေါ် တောင်ယာငရုပ်သီးများပေါ်ချိန်ဖြစ်၍ စိုက်ပျိုးသူများ အဆင်ပြေ
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ  ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဒေသခေါ် တောင်ယာငရုပ်သီးများ ပေါ်ဦးပေါ်ဖျား ပေါ်ချိန်ဖြစ်၍ ယခုနှစ်တွင် အသီးအထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့တွင်မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆောင်ရွက်
Nov 25,2022
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖျာပုံမြို့ အထက(၃)ကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဖျာပုံမြို့၊ အမှတ်(၈၀) ယာဥ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က အထက-၃ ကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “မီးခိုး၊ မြူငွေ့ညစ်ညမ်းမှု အန္တရာယ်အကြောင်း Talk Show ဆွေးနွေးပွဲ ပြုလုပ်
Nov 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်” အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌   ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ‌ပေးခြင်း အရှိန်မြှင့်ဆောင်ရွက်
Nov 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက  ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် ဖံဖတိုက်ကျောင်းဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများက ပြည်သူများနှင့်တွေ့ဆုံ
Nov 25,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က(ဖံဖ၊ တကူပတီ)ကျေးရွာအုပ်စုရှိ ပြည်သူများအား ဖံဖတိုက်ကျောင်းဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်သည်။