သတင်းများ

ကျိုက်လတ်၌ နေကြာစိုက်တောင်သူများနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့ နံနက်(၁၀)နာရီခန့်မှစ၍ ကျေးရွာများရှိ နေကြာသီးနှံ စိုက်ပျိုးသည့် တောင်သူ များအား တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
စစ်ကြောင်းကြီး ငါးကြောင်းဖြင့် တောင်မရိုးဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ဖားလက်ခိုကျေးရွာအုပ်စုတောင်မရိုး ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​​ဆောင်ရွက်ခဲ့ကြသည်။
ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ဒေသနေ ပြည်သူများနှင့် ကျောင်းသား/သူလူငယ်လေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ဆီနှင့်ကြက်ဥများ စျေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေး
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ပြည်သူများအား စားသုံးဆီနှင့်ကြက်ဥ များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ နံနက်(၉)နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း၌ စက်မှုလယ်ယာဦးစီးဌာနမှ ဖွင့်လှစ်သည့် (၁)လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်မှု (အခြေခံ) သင်တန်းအမှတ်စဥ် (၅/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 25,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ လူငယ်ရေးရာကော်မတီနှင့် စက်မှုလယ်ယာဦးစီးဌာနတို့က ဖွင့်လှစ်သည့် တစ်လုံးထိုးအင်ဂျင်(ဒီဇယ်) ပြုပြင်ထိန်းသိမ်းခြင်း (အခြေခံ)သင်တန်း အမှတ်စဥ် (၅/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ကလေးမြို့တွင် စားတော်ပဲနုသီးများ စောစောပေါသောကြောင့် ဈေးကောင်းရောင်းချရလျှက်ရှိ
Nov 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စားတော်ပဲနုသီးများ လှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရောင်းချရသောကြောင့် ဈေးရောင်းချသူများနှင့် ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း မီးခွက်ဈေး၌ ဈေးရောင်းချသူများထံမှ သိရသည်။
တံတားဦးမြို့ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်ရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Nov 25,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိ ပညာ‌ပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။