စစ်ကိုင်းမြို့တွင် အခြေခံမြားပစ် သင်တန်းဆင်းပွဲကျင်းပ
Nov 25,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီက ပိုးတန်း ရပ်ကွက် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။