ကျွန်းလှ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဦးတည်အုပ်စုပါဝင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းဆေးများ ထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံခြင်းကို ပူးပေါင်း ပါဝင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များ လိုက်နာကြရန် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးကြသည်။
မျိုးဝင်းညို ကျွန်းလှ