သတင်းများ

မလှိုင်မြို့နယ်တွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ( VDP )ဖြင့်   ဆောင်ရွက်နေသော ကွန်ကရစ် (ဘီးလမ်း)ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်စုစုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ရေနီကျေးရွာအုပ်စု၊ ကံကလေး ကျေးရွာတွင်း ကွန်ကရစ် (ဘီးလမ်း) နှစ်ဖက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအားသွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မိုးနဲမြို့နယ်၌ အစေ့ထုတ်ပြောင်း ဈေးကောင်းရ၍စိုက်ပျိုးသူ တောင်သူများအဆင်ပြေ
Nov 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင် အစေ့ထုတ်ပြောင်းများ စျေးကောင်းရရှိသဖြင့် အစေ့ထုတ်ပြောင်းစိုက်တောင်သူ မိသားစုဝင်များ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကင်တုံကျေးရွာနေ နန်းလွယ်၏ ပြောကြားချက်အရ သိရသည်။
ငပုတောမြို့နယ်၌ နေကြာသီးနှံ မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါး စံပြကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်နေမှုအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား​ရေး​တော်မတီဥက္ကဋ္ဌ ကြည့်ရှု့အားပေး
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၉)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် လိပ်ချောင်းကျေးရွာအုပ်စု၊ ပုသိမ်-ငပုတော ကားလမ်းဘေးတွင် ကွင်းအမှတ်(၁၃၈၃)၊ ဦးပိုင်အမှတ် (၁၁/၂ ) တောင်သူ ဦးအောင်သူ၏ နေကြာသီးသန့်စိုက်ဧက (၅.၀၀) ဧက အတွင်း၌၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ နေကြာမျိုးစေ့ချ သရုပ်ပြပွဲ အခမ်းအနားသို့ သွား​ရောက်၍ ကွင်းဆင်းကြည့်ရှု့ အားပေးခဲ့ကြသည်။
နည်းပညာတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားပြုလုပ်
Nov 25,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နည်းပညာတက္ကသိုလ်(မကွေး)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစံပြစိုက်ခင်း(၁၀)ဧက ဖြစ်ထွန်းအောင်မြင်
Nov 25,2022
မကွေတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်  ရေတွင်းကောင်းကျေးရွာ တောင်သူဦး‌အေးမောင် စိုက်ပျိုးထားသည့် မိုးနှောင်းချည်မျှင် ရှည်ဝါ ရွှေတောင်(၈)စံပြစိုက်ခင်း(၁၀)ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ဆင်ကျကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Nov 25,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က တောင်တွင်းကြီးမြို့နယ် ဆင်ကျကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့၌ ပြည်သူများနှင့် နိုင်ငံဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး
Nov 25,2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှတာဝန်ရှိသူများ၊ စည်ပင် သာယာရေးအဖွဲ့မှတာဝန်ခံများ၏ ကြီးကြပ်မှုဖြင့် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၈ ခရိုင် အသက် ၁၈ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၈ ခရိုင် အသက် ၁၈ ‌နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ တက်ရောက်ခဲ့သည်။