ဗန်းမော်မြို့တွင်မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆောင်ရွက်

ဗန်းမော် နိုဝင်ဘာ ၂၅

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ် အကြောင်း Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ မီးခိုးမြူငွေ့၏အဓိပ္ပာယ်၊ မီးခိုး မြူငွေ့ညစ်ညမ်းမှု၏အဓိပ္ပာယ်၊ မီးခိုးမြူငွေ့အဓိကဖြစ်စေနိုင်သောအကြောင်းအရင်းများ၊ မီးခိုး မြူငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံနယ်စပ်ဖြတ်ကျော် မီးခိုးမြုငွေညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်များအကြောင်း မေးမြန်းဆွေးနွေးခဲ့ပြီး ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်က ပတ်ဝန်းကျင် သာယာလှပရေးအတွက် မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အကျယ်တဝင့် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်