လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

လှည်းကူး နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ()နာရီက လှည်းကူးမြို့ ပဲခူး-ရန်ကုန်လမ်းမကြီး တစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှည်းကူးမြို့ ပဲခူးရန်ကုန်လမ်းမကြီးတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို ယာဉ်အန္တရာယ် ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ယာဉ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များနှင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းများအား သိရှိလိုက်နာစေရန်စသည့် အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။

အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း‌ရေးအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်နှင့် ခရိုင်၊ မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၆၆)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်ဇော်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)