မြောက်ဥက္ကလာပမြို့နယ်တွင် ဘောလုံးနည်းပြ သင်တန်းဖွင့်လှစ်

မြောက်ဥက္ကလာပ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လူငယ်များ ဘောလုံးကစားခြင်းကို စနစ်တကျ ရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော MFF.D/ AFC.C လိုင်စင် ဘောလုံးနည်းပြသင်တန်းကို  (ည) ရပ်ကွက်၊ ဘုမ္မာ(၁၂)လမ်းတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အရှေ့ပိုင်းခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့မှ ဘောလုံးများ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့သည်။

သင်တန်းကာလမှာ(၂၄.၁၁.၂၀၂၂) မှ (၂၇.၁၁.၂၀၂၂) ထိ MFF.D၊   (၈.၁၂.၂၀၂၂)  မှ (၁၆.၁၂.၂၀၂၂) ထိ AFC.C လိုင်စင်သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)