ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ ၁ နာရီက မိုဘိုင်းစနစ်ဖြင့် အရာထမ်း/အမှုထမ်းများအား စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအနေဖြင့် ရုံးအားရက်များတွင် စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေနိုင်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မိုဘိုင်းစနစ်အသုံးပြု၍ စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်းနှင့် အပတ်စဉ်ဌာနများသို့ သွားရောက်၍ စာအုပ်များ စဉ်ဆက်မပြတ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရာထမ်းအမှုထမ်းများက သုတရသစာအုပ် (၂၅၀) အုပ် ငှားရမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)