စုကလိ နိုဝင်ဘာ ၂၉
စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် (Talk Show) အား ယနေ့နံနက်ပိုင်းက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားများနှင့် ဥပဒေများအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ကလေးအလုပ်သမားများ၏ သတ်မှတ်လုပ်အားခမရရှိပါက တရားစွဲဆိုနိုင်သည့်ဥပဒေများ ကလေးအလုပ်သမားများ၏အလုပ်ခွင်ထက် ကျော်လွန်ခိုင်စေမှုများရှိလာပါက တရားစွဲဆိုနိုင်သည့်ဥပဒေများ၊ ကလေးအလုပ်သမားများအပေါ် မတရားခိုင်းစေမှုများအတွက် ပြစ်မှုမြောက်ပါက တရားစွဲဆိုနိုင်သည့်ဥပဒေများအကြောင်း ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဦးကိုကိုအောင်က ကလေးအလုပ်သမားအပေါ် လိင်အမြတ်ထုတ်ခံရမှုများ ငွေကြေးခေါင်းပုံဖြတ်မှုများအပေါ် တရားစွဲဆိုနိုင်သည့် ဥပဒေများအကြောင်းသိကောင်းစရာများအား ဆွေးနွေးပေးခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) အား We Love Sukali Page တွင် အချိန်နှင့်တပြေးညီ ထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုပိုအောင်