၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ရွေးချယ် ရေးဆန်းစစ်ချက် စာမေးပွဲ ဆက်လက်ဖြေဆို

သာကေတ နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်၍ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အလယ်တန်း၊ အထက်တန်းမြို့နယ်အဆင့် ဘက်စုံလူရည်ချွန်ရွေးချယ်ရေး ဆန်းစစ်ချက်စာမေးပွဲကို ဆက်လက်ဖြေဆိုခဲ့ရာ ယနေ့ နံနက်(၉)နာရီအချိန်က သင်္ချာဘာသာရပ် ပါဝင်သော အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်ကိုဖြေဆိုခဲ့သည်။ အဆိုပါ ဘာသာရပ်ကို သာကေတမြို့နယ်ရှိ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၇)ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၉)ဦး ဝင်ရောက်ဖြေဆိုကြသည်။

ဆက်လက်၍ နေ့လယ်()နာရီ၌ စာရိတ္တနှင့်ပြည်သူနီတိ၊ မြန်မာ့ယဥ်ကျေးမှုနှင့် ထုံးဓလေ့၊ အထွေထွေဗဟုသုတဆိုင်ရာများနှင့် ပတ်သက်၍ လူတွေ့နှုတ်ဖြေဆန်းစစ်ချက်အား အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများမှ ဆက်လက် ဖြေဆိုခဲ့ကြသည်။ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှ ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးစစ်ကြောင်းမှ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်း ဝင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)