စုကလိ နိုဝင်ဘာ ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ နေပြည်သူများအား ယာဉ်အန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းအနေဖြင့် “သတိပြုမောင်းနှင်ကြမယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖွယ်” ခေါင်းစဉ်ဖြင့် နံရံကပ်ပြဘုတ်ကို ယမန်နေ့နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင်ပြသခဲ့သည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် ယာဉ်မောင်းသူများလိုက်နာရမည့်အချက်များ၊ လမ်းညွှန်အမှတ်အသားများ၊ တစ်ဖက်ယာဉ်ကြောမှ အမှတ် အသားများ၊ အသိပညာပေးလမ်းညွှန်ချက်များ၊ တစ်လမ်းမောင်းစနစ်များ ပြည်သူများ နားလည်သဘောပေါက်ကြစေရန်နှင့် ယာဉ်မောင်းသူများ မောင်းလိုင်စင်ပြုလုပ်ပုံအဆင့်ဆင့်နှင့် လမ်းအမှတ်အသားများ၊ လမ်းဖြတ်ကူးကြမည့် ပြည်သူများအတွက် မီးပွိုင့်အချက်ပြစနစ်များ၊ မရပ်ရလမ်းကြောပြအမှတ်အသားများ၊ ယာဉ်အန္တရာယ်များအပြင် လမ်းအန္တရာယ်များပါ ဝေဝေဆာဆာပြသထားခဲ့သည်။
ထိုသို့အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့ရုံးတွင် တစ်လလျှင်နှစ်ကြိမ် လစဉ်ပြသဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပိုပိုအောင်