သာယာဝတီမြို့နယ်တွင် ကြံစိုက်ပျိုးမှု(၃၅၀)ဧကစိုက်ပျိုးထားရှိပြီး ဈေးကောင်းရရန်မျှော်လင့်

သာယာဝတီ      နိုဝင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်၌ ကြံစိုက်ပျိုးမှု(၃၅၀)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရန်မျှော်လင့်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ သာယာဝတီမြို့နယ်အနေဖြင့် သာယာပေးကျေးရွာအုပ်စုတွင် ကြံစိုက်ဧက(၃၅၀)ဧကတွင် K-9584 ကြံမျိုးများကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကြံထွက်တန်ချိန်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်နည်းစနစ်မှန်ကန်စေရေး မြေသြဇာစနစ်တကျသုံးစွဲတတ်စေရန် ကွင်းဝန်ထမ်းများနှင့်လိုက်လံ၍ နည်းပညာပေးဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမြေအနေအထားအရ တစ်ဧကလျှင် ကြံတန်ချိန်အထွက်နှုန်းမှာ(၂၅)တန်ထွက်ရှိရာ ထွက်ရှိလာသောကြံများကို ဥက္ကံသကြားစက်နှင့် ဒေသထွက်ကုန် ကြံသကာချက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန့်ဇော်(သာယာဝတီ)