သံတွဲခရိုင်၊ ငပလီမြို့၌ ပြန်/ဆက်ရုံးတွင် ဝန်ထမ်းများစာဖတ်ဝိုင်းပြုလုပ်

ငပလီ နိုဝင်ဘာ ၂၈

သံတွဲခရိုင်၊ ငပလီမြို့၌ ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါ်သန်းနုက ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်အခန်း (၄) ပါရာထူးတိုးမြှင့်ခြင်း ခေါင်းစဉ်အောက်မှ ရာထူးတိုးမြှင့်ခန့်ထားရာတွင် ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍တိုးမြှင့်ခန့်ထားသည့် ရာထူးတာဝန်ကို နိုင်နင်းစွာထမ်းဆောင်မည့် ဝန်ထမ်းများကို စစ်ဆေးအကဲဖြတ်၍ ရွေးချယ်ပြီးမှ ရာထူးတိုးမြှင့်ပေးကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများစာအုပ် အခန်း (၄) ပါ ရာထူးတိုးမြှင့်ခြင်း ခေါင်းစဉ်အောက်မှ ရာထူးတိုးမြှင့်ရေးကိစ္စကို ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက် (၄) ချက်ကို ဖတ်ကြားပြီး မြို့နယ်ဦးစီးမှူးက ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ငပလီ (ပြန်/ဆက်)