မင်းပြားမြို့၌ ကလေးလုပ်သားပပျောက်ရေး အသိပညာပေး (Talk Shဝw) ပြုလုပ်

မင်းပြား နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နေ့လယ် ၁၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးလုပ်သားပပျောက်ရေး အသိပညာပေး Talk Shဝw ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေး Talk Shဝw တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်းပြားမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက ကလေးလုပ်သားပပျောက်ရေးအသိပညာပေး Talk Shဝw ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မျိုးသဇင်ကျော်က ကလေးသူငယ်ဆိုသည်မှာ အသက်(၁၆)နှစ် မပြည့်သေးသောသူကို ခေါ်ဆို၍ လူငယ်ဆိုသည်မှာ အသက်(၁၆)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့်သေးသောသူကို ခေါ်ဆိုသည်။ ပြည်သူများ သိရှိနိုင်စေရန် ကလေးသူငယ်၏ အလုပ်လုပ်ပိုင်ခွင့်များ ရရှိသည့် အသက်အရွယ် သတ်မှတ်ချက်၊ အန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ  စီစဉ်ဆောင်ရွက်ပေးနေမှုများနှင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များအား  ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ကူညီပံ့ပိုးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းနုအောင်