သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏အစီအစဉ်ဖြင့် သက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်းဖွင့်လှစ်
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့်ဖွင့်လှစ်သည့်၊ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်ခြင်း သင်တန်းဖွင့်ပွဲကို၊ ယနေ့ နံနက်(၉)နာရီက ခပေါင်း ကုန်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ စိန်ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ် တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့်မီးဖိုများပေးအပ်
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့်မီးဖိုများပေးအပ်ခြင်းကို ယမန်နေ့နံက်ပိုင်းက ကျေးရွာအုပ်စု (၅)အုပ်စုသို့ပေးအပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 12,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုး တိုးတက်စေရေး၊ ဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀:၀၀) အချိန်က လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်‌၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ (၆)ထပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၊ အင်ပါဟုန်း(အောက်)ရွာ၌ အသက်မွေးဝမ်းကျောင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပူးပေါင်းဆောင်ရွက်
Dec 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီက တောညုကျေးရွာအုပ်စု၊ အင်ပါဟုန်း(အောက်)ရွာရှိ ဘုရားကျောင်း၌ ပူးပေါင်းကွင်းဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ကွမ်းသီးအထွက်နှုန်းများ၍ စျေးကောင်းရရှိရန် မျှော်လင့်
Dec 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံ လုပ်ကိုင်နေသူများနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်အပင်များနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးကြရာ နှစ်ရှည်အပင်အဖြစ် ကွမ်းသီးအထွက်နှုန်းများသော ကာလကို ရောက်ရှိလာ၍ ကွမ်းသီးအလုံးနှင့် အခြမ်းများ ရောင်းချရာမှ စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိသည်။
ရွှေတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က အနာဂတ် မျိုးဆက်သစ် ကျောင်းသားလူငယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာယစွမ်းရည် ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ အသိပညာပေး Talk Show ဆောင်ရွက်
Dec 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
Dec 12,2022
ရှမ်းပြည်နယ်‌ (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျောက်မဲမြို့ ခိုမုန်းကျေးရွာ၊ ထမ်လင်း‌ကျောင်း၌ ကျင်းပခဲ့​သည်။