လပွတ္တာမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

လပွတ္တာ ဒီဇင်ဘာ ၁၂

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုး တိုးတက်စေရေး၊ ဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိ‌စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀:၀) အချိန်က လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်‌၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ (၆)ထပ်ဆောင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက အမှာစကားပြောကြားရာတွင် ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် ယနေ့ခေတ် ကျောင်းသားလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုတဲ့ ဗလငါးတန်ပြည့်ဝစေရန် ဖြစ်ကြောင်း၊ လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများမျှဝေရန် ဖြစ်ကြောင်း၊ စင်‌ပေါ်မှနေ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်ဖြစ်ကြောင်း၊ လူငယ်များ အချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦး တွဲဖက်ဦးဆောင် ဆွေးနွေးသူအဖြစ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဦးမောင်မောင်လှိုင်တို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ()ဦးတို့က စကားသည်လောကကို စိုးမိုးနိုင်၏၊ ပန်းတွေပွင့်ဖိုးစောင့်ရချိန်၊ ငါ့အတွက်ငါရှိတယ်၊ အတ္တဖြေဆေး၊ လှိုက်စားတတ်သော စိတ်တစ္ဆေနှင့် သော့စာအုပ်များမှ အကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူ(၆)ဦးမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူ(၅၀)ဦး တက်ရောက် ခဲ့ကြသည်။

လပွတ္တာ

ခရိုင်(ပြန်/ဆက်)