သတင်းများ

ပေါင်းတည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူရေးညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 12,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မအီမြို့နယ် ခြေတော်ရာကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
Dec 12,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက မအီမြို့၊ ခြေတော်ရာကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Dec 12,2022
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသားလူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်စကား ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း “ ဇွဲ ” ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ကျွမ်းကျင်သည့်ပညာရပ်ဖြင့် မိသားစုဝင်ငွေရရှိစေရေး သက်မွေးပညာသင်တန်းလက်တွေ့ပို့ချ
Dec 12,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီး‌ တောင်သူလယ်သမားအဖွဲ့အစည်းတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကို အုတ်တွင်းမြို့နယ် ဂုံမင်းသာကျေးရွာအုပ်စု သပြေတန်းကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ပို့ချသည်။
ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်း ကျောင်းသား/ သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံလျက်ရှိ
Dec 12,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများတွင် ခိုလှုံနေကြသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myanmarcopharm)ကျောင်းအခြေပြု (ပထမ) အကြိမ် ထိုးနှံပေးခြင်းကို  ယနေ့  နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ထိုးနှံပေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ်တွင် တန်ဖိုးသင့်ထမင်းဘူးများ ရောင်းချပေးလျက်ရှိ
Dec 12,2022
မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီမံကြီးကြပ်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ ဈရပ်ကွက်၊ ၁၃၇ လမ်းနှင့် ၁၃၉ လမ်းကြား၊ ၆၂ လမ်းပေါ်တွင် ပြည်သူသက်သာ ထမင်းတစ်ပွဲကျပ်ငါးရာဖြင့် အခြေခံလူတန်းစားများအတွက် ထမင်း၊ ကြက်သား၊ ငရုတ်သီးကြော်တို့ပါဝင်သော ထမင်းဘူး တစ်ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ယနေ့နံနက် ၁၁ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်းတွင် ယာဥ်အန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းနှင့် ရောင်ပြန်စတစ်ကာများ အခမဲ့တပ်ဆင်ပေး
Dec 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းနှင့် အနှေးယာဉ်များအား ရောင်ပြန်စတစ်ကာများ အခမဲ့တပ်ဆင်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ်၊  အထက်ပုဇွန်တောင်လမ်း၊ ဆားလင်းကျောင်းတိုက်ရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို အဆိုပါ မြို့နယ်ရှိ (က)ရပ်ကွက်၊အောင်တံခွန်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။