ပန်းတောင်း ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့်မီးဖိုများပေးအပ်ခြင်းကို ယမန်နေ့နံက်ပိုင်းက ကျေးရွာအုပ်စု (၅)အုပ်စုသို့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့စွမ်းအားမြှင့်မီးဖိုများ ပေးအပ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်း ဦးဆောင်၍ ဝန်ထမ်းများက ကြိုးကြာအုပ်စု၊ ကျေးရွာ (၅)ရွာတွင်အိမ်ထောင်စု ၆၈၃၊ မြောင်အုပ်စုကျေးရွာ(၅)ရွာတွင် အိမ်ထောင်စု၄၃၃၊ တောင်ဘွေအုပ်စု၊ကျေးရွာ(၅)ရွာတွင် အိမ်ထောင်စု၄၂၀၊ စွယ်တော်အုပ်စု၊ ကျေးရွာ(၃)ရွာတွင် အိမ်ထောင်စု၅၆၄၊ နတ်မောက်အုပ်စု၊ ကျေးရွာ(၁၀)တွင်အိမ်ထောင်စု ၄၈၇တို့အတွက် အိမ်ထောင်စု တစ်စုလျှင်စွမ်းအားမြှင့်မီးဖိုးများ တစ်ဖိုစီအသီးသီးပေးအပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်အေးအေးသင်းထံမှ သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)