သတင်းများ

ရေကြည်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်ရေကြည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အ.မ.က (ချင်းကုန်း) ကျောင်းဝန်းအတွင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲပြုလုပ်
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ရပ်ရွာ အေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေး အတွက်မြို့ အဆင့်ဌာန ဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲကိုဒီဇင်ဘာ ၁၄ ရက်နေ့ကကျွေချိုင်ကျေးရွာ အုပ်စုနှင့်နံ့သာပုကျေးရွာ အုပ်စုများ အတွင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ဒီဇင်ဘာလ ပထမလဝက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒီဇင်ဘာလ ပထမလဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရေဦးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း (Mask )များ အခမဲ့ဖြန့်ဝေ
Dec 14,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ် စီမံအုပ်ချုပ်အဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒီဇင်ဘာ ၁၄ ရက်နံနက် ၉ နာရီက ရေဦးမြို့ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များအား ပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့ကြသည်။
မြစ်ကြီးနားမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် လူမှောင်ခို/လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 14,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းအသီးသီးတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် လူမှောင်ခို/ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်း‌ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နိုင်ငံ့ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်
Dec 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန် မြှင့်တင်ရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိစေရန်နှင့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
မက်မန်းမြို့၌ မွေးကင်းစနှင့် အသက်(၂)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်
Dec 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့၌ မွေးကင်းကလေးငယ်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးဝန်ကြီး ဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)အချိန်တွင် မက်မန်းမြို့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။