ရေဦးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း (Mask )များ အခမဲ့ဖြန့်ဝေ

ရေဦး ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ် စီမံအုပ်ချုပ်အဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒီဇင်ဘာ ၁၄ ရက်နံနက် ၉  နာရီက ရေဦးမြို့ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  နှာခေါင်းစည်း (Mask)များအား ပြည်သူများထံ အခမဲ့ဖြန့်ဝေ ခဲ့ကြသည်။

ထိုသို့  Mask များအခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးကျော်ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများက အများပြည်သူဝင်ထွက် သွားလာလျက်ရှိပြီး လူစည်ကားရာနေရာဖြစ်သည့် ကျောင်းကြီးလမ်း၊ မြို့မဈေးနှင့် နာရီစင်လမ်းဆုံ နေရာတို့တွင် သွားလာလျက်ရှိသော အနှေးယာဉ်၊ အမြန်ယာဉ်မှူး ယာဉ်နောက်လိုက်နှင့် ခရီးသည်များ၊  ဆိုင်ကယ်မောင်းနှင်သူ  လိုက်ပါစီးနင်းသူများ၊ ဈေးကောင်းဈေးဝယ်များနှင့် ဒေသခံပြည်သူများအား နှာခေါင်းစည်းများ ပေးဝေခြင်း၊ ကျန်းမာရေးအသိပေးစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန်းထိုက် (ရေဦး)