ငရုတ်ကောင်း ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ရပ်ရွာ အေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးရေး အတွက်မြို့ အဆင့်ဌာန ဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲကိုဒီဇင်ဘာ ၁၄ ရက်နေ့ကကျွေချိုင်ကျေးရွာ အုပ်စုနှင့်နံ့သာပုကျေးရွာ အုပ်စုများ အတွင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
တွေ့ဆုံပွဲတွင်ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ခလရ(၉၈)မှ ဗိုလ်ကြီး လှမျိုးသိန်း၊ ပမ္မဝတီရေတပ်စခန်းဌာန ချုပ်မှဗိုလ်ကြီးမြတ်သန်းထွန်း၊ ရဲတပ်ဖွဲ့မှစခန်းမှူး ရဲအုပ်ထွန်းလင်းထက်နှင့်မြို့အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက ဒေသခံပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ ကျေးရွာလမ်းများသန့်ရှင်း သာယာလှပရေး၊ ကမ်းခြေတလျှောက် အမှိုက်များကင်းရှင်းရေး၊ တည်းခိုခန်း/ဘန်ဂလိုများ စည်းကမ်း ချက်များနှင့် အညီဖွင့်လှစ်ရေး၊ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျလိုက်နာရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးချတ်မီးကပ်များ တပ်ဆင်ရေး၊ မိမိတို့နေအိမ် အလိုက်သန့်ရှင်းရေး၊ Clean City၊Green City၊Smart Cityဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ကြစေရေး ကိစ္စရပ်များအားရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများက လျှပ်စစ်မီးရရှိရေးနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာသက်ဆိုင်ရာဌာန များမှပြန် လည်ရှင်း လင်းဆွေးနွေးခဲ့ကြသည်။ ပြီးနောက်ကျေးရွာ ချင်းဆက်လမ်းများ၊ တန်းခိုခန်း/ ဘန်ဂလိုများ၊ စာသင်ကျောင်းများအားလိုက်လံ စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)