သတင်းများ

အမ်းခရိုင်၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 14,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးအတွက် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ မြို့နယ်အဆင့် လူရွေးချယ်ပွဲဆက်လက်ပြုလုပ်
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ(မြို့နယ်အဆင့်) လူရွေးချယ်ပွဲကို ယနေ့နံနက်(၇)နာရီမှစတင်ကာ မြို့နယ် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ၌ ပြုလုပ်ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း  အသိပညာလက်ကမ်းစာစောင်ဖြန့်ဝေခြင်းဆောင်ရွက်
Dec 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာစေရန်အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက်(၉:၀၀)အချိန်က မြောက်ဥက္ကလာပမြို့နယ် အဝိုင်းမှတ်တိုင်တွင် ဆောင်ရွက်ခဲ့ ကြသည်။
လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားအားလုံးတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော ဒုံးအကပြိုင်ပွဲကို ယမန်နေ့က ကြားအင်းကျေးရွာ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ
Dec 14,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဟောပြောပွဲကျင်းပ
Dec 14,2022
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ NCRC Hall ခန်းမတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးပြောပွဲကို ယမန်နေ့၊ နေ့လယ်(၂)နာရီ၌ကျင်းပသည်။
ဗန်းမောက်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်
Dec 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေး ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့၌  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Dec 14,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာဗဟုသုတတိုး ပွားစေရေးအတွက် အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၅)ရပ်ကွက်ရှိ အမှတ်(၇)အခြေခံမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။