ရေကြည်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရေကြည် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်ရေကြည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အ.မ.က (ချင်းကုန်း) ကျောင်းဝန်းအတွင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် မိုးစီစီအောင်က  "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊​ ရေကြည်မြို့နယ် စားသုံးသူ​ရေးရာဦးစီးမှူး​ ဒေါ်ချယ်ရီမြင့်က "လူငယ်နှင့်အစားအ​သောက်" ​ခေါင်းစဉ်ဖြင့်လည်း​ကောင်း၊ အားကစားနှင့်လူငယ်​ရေးရာဝန်ကြီးဌာန၊  ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြ/နည်းစနစ်မှူးဦးဝေယံထွန်းက "လူငယ်နှင့်​ခေါင်းဆောင်မှု" ခေါင်းစဉ်နှင့် အားကစားအ​ကြောင်း သိ​ကောင်းစရာများကို လည်း​ကောင်းအသီးသီး​ ပြောကြားခဲ့ပြီး အားကစားအ​ထောက်အကူပြုပစ္စည်းများ​ ပေးအပ်လှူဒါန်းကာ ကိုယ်လက်လှုပ်ရှား ကိုယ်လက်လေ့ကျင်ခန်းများကိုလည်း လက်တွေ့သင်ကြားပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အသိပညာ‌ပေး နံရံကပ်ဓါတ်ပုံများကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်  (ပြန်/ဆက်)