ကန်ကြီးထောင့်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကန်ကြီးထောင့် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး  နော်သာဝါးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွတ်ရမည့် လုပ်ငန်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဖြိုးသန္တာလွင်က မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွတ်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သိရှိလိုသည့် အချက်အလက်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

ကန်ကြီးထောင့်မြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင် မိခက်(၁၈၅၆) ဦးနှင့် အသက် ၂ နှစ်အောက် ကလေး(၄၀၈၄)ဦးတို့အား ထောက်ပံ့ပေးလျှက်ရှိပြီး ကန်ကြီးထောင့်မြို့နယ်အနေဖြင့် မူလတန်းကြိုကျောင်း ဆောက်လုပ်ရန်တကုန်းကြီး ကျေးရွာတွင်မြေနေရာ လျာထားသတ်မှတ် ထားရှိပြီး အဆောက်အဦး ဆောက်လုပ်နိုင်ရေး ဆက်လက် ဆောင်ရွတ်လျက်ရှိကြောင်း သိရသည်။

မဇင် (ပြန်/ဆက်)