ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ဒီဇင်ဘာလ ပထမလဝက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငပုတော ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒီဇင်ဘာလ ပထမလဝက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ ရုံးဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံများ သစ်လွင်တောက်ပစေရန်နှင့် အပတ်စဉ် သောကြာနေ့တိုင်း ရုံးတွင်းရုံးပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရေး၊ တည်ဆောက်ရေး လုပ်ငန်းနှင့် သက်ဆိုင်သော ဌာနများအနေဖြင့် သတ်မှတ်ထားသော အချိန်ကာလမကုန်ဆုံးမှီ ပြီးစီးဆောင်ရွက်နိုင်ရေးနှင့် အရည်အသွေးပြည့်ဝစေရေး၊ အခွန်အကောက်နှင့်သက်ဆိုင်သောဌာနများ အနေဖြင့် ယခင်နှစ်များနည်းတူ အခွန်ကောက်ခံနိုင်ရေးနှင့် လိုအပ်ပါကခေါ်ယူတွေ့ဆုံနိုင်ရေး၊ ပညာရေးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မာရေးအတွက် အလေးထားဆောင်ရွက်စေရေး၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်နိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်ရေး၊ သစ်တောဌာနအနေဖြင့် သစ်တောပြုန်းတီးမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စီမံကိန်းများလျာထားရေးဆွဲ ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကိုမှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်က ရွေးကောက်ပွဲများ ပြန်လည်ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ပြီးအဖွဲ့ဝင်(၂)ဦးသန်းဦးက စစ်ကြောင်းကြီး(၅)ကြောင်းမှ ကွင်းဆင်းဆောင်ရွက်မှူ အခြေအနေများနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး ပြောကြားခဲ့သည်။ ထို့နောက်သက်ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက်မှူ အ​ခြေအနေများနှင့် လိုအပ်သည်များ ပြန်လည်တင်ပြလာမှူများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)