ပေါက်တော ဒီဇင်ဘာ ၁၅
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြိုင်ပွဲများအဖြစ် ခုံလုပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ရပ်လျက်ခုံပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ရာ ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)