ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပ

ကြံခင်း ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူပြည်သူများမိမိတို့ ရရှိမည့်အခွင့်အရေးများကို သိရှိစေရန်ရည်ရွယ်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေး Talk Showအစီအစဉ်ကို ယနေ့ နေ့လည်(၁၂)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က မိတ်ဆက်စကားပြောကြားပြီး၊ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန (မြို့နယ်တာဝန်ခံ)ဦးကျော်နိုင်ဝင်းမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်(၆)ရပ်၊   စားသုံးသူ၏ အခွင့်အရေး(၈)ချက်၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ရန်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း၊  တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)