မင်းတုန်း ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကံလယ်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သော ဆောင်းနေကြာ(ဆင်းရွှေကြာ-၂)မျိုးစေ့ထုတ် (၅)ဧကစိုက်ခင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီကပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများက နေကြာမျိုးကောင်းမျိုးသန့်ရရှိစေရန် နေကြာသီးသန့်မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ စားသုံးဆီဖူလုံရေးအတွက် နေကြာများတိုးချဲ့စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးနည်းစနစ်များ ဆွေးနွေးပေးခဲ့ကြပြီး လာမည့်မိုးဦးနှင့် မိုးလယ်အတွက် နေကြာမျိုးလုံလောက်စေရန် ယခုဆောင်းနေကြာမှထွက်ရှိသော နေကြာမျိုးများ စုဆောင်းထားကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)