ကံမမြို့ မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကံမ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့၊  အမှတ်(၁)ရပ်ကွက် မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ နေ့လယ် ၂  နာရီက စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သိင်္ဂီကျော်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက စားသုံးရန်မသင့်သည့်  အစားအစာများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက စားသောက်ကုန်များအကြောင်း အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။ ကျော်ဇေယျဝင်း(ကံမ)