နတ်မောက် ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ(၁)ရက်နေ့မှစတင်၍ (၄)ရက်နေ့အထိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းအားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားတွင် အားကစားပြိုင်ပွဲများဖြစ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုတ်စီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲကိုလည်ကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင်လည်းကောင်း၊ ဖူဆယ်အားကစားပြိုင်ပွဲကို ဖူဆယ်ကွင်း၌လည်းကောင်း၊ ကျင်းပသွားမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များမှ အားကစားဝါသနာရှင်များ၊ ကျောင်းသား/သူများက ပြိုင်ပွဲကျင်းပရေးကော်မတီများထံ အမည်စာရင်းများကြိုတင်ပေးထားနိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
လှဝင်း