စစ်ကိုင်းမြို့တွင် ဒီဇင်ဘာ အားကစားလ(ဒုတိယ)ပတ် စုပေါင်းလမ်းလျောက်ပွဲကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ  ၁၀

စစ်ကိုင်းမြို့တွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယ)ပတ် စုပေါင်းလမ်း လျောက်ပွဲကို ဒီဇင်ဘာ(၁၀၀ရက်၊ နံနက်(၅)နာရီ(၄၅)မိနစ်က စစ်ကိုင်းမြို့ ရွှေမင်းဝံ ပန်းခြံရှေ့တွင် စုရပ်သက်မှတ် ၍ စုပေါင်းလမ်းလျောက်ခဲ့ကြသည်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် စုပေါင်းလမ်းလျောက်ပွဲသို့ စစ်ကိုင်းခရိုင်/မြို့ နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများက စုရပ်မှစ၍ ပါရမီရပ်ကွက်အတွင်းမှ နှစ်(၇၀၀)အား ကစားကွင်းအတွင်း ဝင်ရောက်ကာ ဘော့လုံးကွင်း(၅)ပတ် စုပေါင်းလမ်း လျောက်ခဲ့ ကြပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့် ခန်းအတွဲ(၁)နှင့် Fitness Dance ဖြင့် ကိုယ်လက် လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းမြို့အနေဖြင့် စုပေါင်းလမ်းလျောက်ပွဲများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလတွင် အပတ်စဉ်(စနေနေ့)တိုင်း စုရပ်များသက်မှတ်၍ စုပေါင်းလမ်းလျောက်သွားကြမည်ဖြစ်ကြောင်းနှင့် ယခုလမ်းလျောက်ပွဲ အပြီးတွင် ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပေးခုန်ပစ် ပြိုင်ပွဲများ ဆက်လက်ကျင်းပပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်( ပြန်/ဆက်)