မရမ်းကုန်းမြို့နယ်တွင် ဒီဇင်ဘာလ (ဒုတိယပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲပြုလုပ်

မရမ်းကုန်း ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း​ဒေသကြီး၊​ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဒီဇင်ဘာလ (ဒုတိယပတ်) လူထုလှုပ်ရှား အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲကို ယနေ့ နံနက် နာရီ ၃၀ နာရီအချိန်က အမှတ်()ရပ်ကွက် ပြည်​ထောင်စု​ကျောင်းလမ်းစုရပ်မှ စတင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်​နေပြည်သူ များက လမ်းလျှောက် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ကြသူများက သတ်မှတ်လမ်းများဖြစ်သည့် ပြည်​​ထောင်စု​ကျောင်းဝန်းလမ်းမှ ပြည်လမ်းမကြီးတစ်လျှောက် ဆက်လက်၍​ ရွှေနှင်းဆီလမ်းမှ စွယ်​တော်ဘုရားလမ်း အထိ မြို့နယ်အုပ်ချုပ်​​ရေးမှူး ဦးတင်​ဇော်​ဇော်​အောင်​ ဦး​​ဆောင်ပြီး ဒီဇင်ဘာလ ကာလလူထုလမ်း​လျှောက်ပွဲအား မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်​နေပြည်သူများ စုစုပေါင်းအင်အား (၂၅၀) ဦးပါဝင်ဆင်နွှဲခဲ့ ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)