သာယာဝတီမြို့၌ လူထုလမ်းလျှောက်ပွဲနှင့် ကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ စုပေါင်း ဆောင်ရွက်

သာယာဝတီ     ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အားကစားနှင့် ကာယပညာ ဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက ခရိုင်ပြည်သူ့ဆေးရုံရှေ့က စတင်၍ မြို့တွင်း လမ်းမများ တစ်လျှောက်တွင် စုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်ခဲ့သည်။

အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုတို့က ဦးဆောင်၍ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ဒီဇင်ဘာလ ဒုတိယပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပြီး လမ်းလျှောက်ပွဲအပြီးတွင် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အောင်ဝတီ (ပြန်/ဆက်)