ပျော်ဘွယ်မြို့နယ်တွင် ဒီဇင်ဘာအားကစားလ ဒုတိယပတ် စုပေါင်းလမ်းလျှောက်ခြင်းကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၀

ပျော်ဘွယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက်(၆)နာရီမှ စတင်ကာ စုပေါင်းလမ်းလျှောက်ခြင်း ကျင်းပခဲ့ကြောင်း သိရသည်။

စုပေါင်းလမ်းလျှောက်ခြင်းကို မြင်းဘက်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးမှ စတင်ကာ ရန်ကုန်-မန္တလေး ကားလမ်းမအတိုင်း ရွှေပြည်ရန်နိုင်ရပ်ကွက်၊ မြို့နယ် အားကစားကွင်းအထိ စုပေါင်းလမ်း လျှောက်ကြပြီး ကာယလေ့ကျင့်ခန်း များပြုလုပ်ကြသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား (၄၅၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)