သတင်းများ

စမ်းချောင်းမြို့နယ်တွင်  အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ရှမ်းကျောင်းကြီးဓမ္မာရုံ အတွင်း၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုဓိမဂ် စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။  
ဗဟန်းမြို့နယ်တွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဒုတိယအဆင့်ဖြေဆို
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်၊ အာဇာနည်လမ်း၊ မင်္ဂလာဗျူဟာ အသင်းဓမ္မာရုံတွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်ဒုတိယအဆင့်စာမေးပွဲ ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် မွန်းတည့်(၁၂:၀၀)အချိန်က ဖြေဆိုခဲ့ကြောင်းသိရသည်။
ပုဇွန်တောင်မြို့နယ်တွင် ဆီနှင့်ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်​၊ နှစ်ကျိတ်ရှစ်ဆူဆွမ်းလောင်းဓမ္မာရုံ၌ ဆီနှင့်ကြက်ဥများကို ပြည်သူ များအား ရောင်းချ​ပေးခဲ့ကြကြောင်း သိရသည်။
သာကေတမြို့နယ်၌ သက်သာသော စျေးနှုန်းဖြင့် အ​ခြေခံစားသောက်ကုန်များအား ဆက်လက်ရောင်းချ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဆက်လက်​ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီ၌ ၇/အ‌ရှေ့ရပ်ကွက်၊ နှစ်ကျိပ် ရှစ်ဆူဓမ္မာရုံ၌ စားဝတ်နေရေး အခက်အခဲရှိသည့် ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ဖြစ်သည့် ဆီ၊ ကြက်ဥများအား ရောင်းချပေးရာတွင် အိမ်ထောင်စု(၁)စုလျှင် ဆီ ၅၀ ကျပ်သားလျှင် ငွေကျပ်(၂၂၂၅)နှုန်းနှင့် ကြက်ဥ(၁)လုံးငွေကျပ်(၁၇၅)ကျပ်နှုန်းဖြင့် ကြက်ဥ (၅)လုံး (၈၇၅)ကျပ် တို့ကိုစျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏စီမံ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ပရဟိတလူမှုကူညီရေးအသင်းများ ပူးပေါင်း၍ စျေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ခဲ့ကြသည်။
သာ​ကေတမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာ​​ကေတမြို့နယ်ရှိ ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းသတ်မှတ်ချက်များ သိရှိလိုက်နာ တတ်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၃၀)အချိန်က သာ​ကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် ပရီမီယားကော်ဖီမစ်စက်ရုံ အစည်းအ​ဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေနွေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အစိုးရ အဘိဓမ္မာ၊ဋီကာကျော်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကျင်းပ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးကောင်းဆုတောင်းပြည့် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Dec 11,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အ.ထ.က (ကျိုက်မရော) ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပဒက်ကျေးရွာအုပ်စု ကျုံတုံးကျေးရွာတွင် အလှူရှင်တစ်ဦးလှူဒါန်းမှုဖြင့် သိန်း(၇၂၀)ကျပ် တန်ဖိုးရှိကျေးရွာ ဆက်သွယ်ရေးလမ်းမကြီးဖွင့်လှစ်
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပဒက်ကျေးရွာအုပ်စု ကျုံတုံးကျေးရွာတွင် အလှူရှင်တစ်ဦးလှူဒါန်းမှုဖြင့် သိန်း(၇၂၀)ကျပ်တန်ဖိုးရှိ ကျေးရွာဆက်သွယ်ရေး လမ်းမကြီးဖွင့်လှစ်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် လမ်းဖွင့်ပွဲပြုလုပ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။