သတင်းများ

ကလေးမြို့တွင် ပြည်သူများ  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် Mask  Campaign ဆောင်ရွက်
Dec 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကားကြီးဝန်းလမ်းနှင့် ပင်လုံဈေးလမ်းဆုံ၌ ခရီးသွားပြည်သူများနှင့် စျေးရောင်းစျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပညာပေး Mask  Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကျင်းပ
Dec 11,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့်အခြေခံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၊ အ-ထ-က(၂)ကျောင်းနှင့် အ-ထ-က(၄)ကျောင်း တို့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာတွင် ကောက်ရိုးထုံးစက်ဖြင့် တောင်သူ သရုပ်ပြပွဲဆောင်ရွက်
Dec 11,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်ရိုးထုံးစက်ဖြင့် သရုပ်ပြပွဲဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဆောင်းသီးနှံနေကြာ ၄၁၈၅ ဧက စိုက်ပျိုးပြီးစီး
Dec 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ဆောင်းသီးနှံနေကြာစိုက်ဧက နှစ်သောင်းကျော် လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပြီး ယခုလ(၉)ရက်နေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးဧက ၄၁၈၅ ဧက ရှိပြီဖြစ်ကာ ဒေသခံတောင်သူများ ကြိုးပမ်းစိုက်ပျိုးခဲ့သည့် ဆောင်းနေကြာသီးနှံစိုက်ခင်းများမှာ အောင် မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Dec 11,2022
 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သာယာ(မ)ရပ်ကွက်တွင်ရှိသော ရွှေပြည်သာအားကစားကွင်း၌ ( ၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က စတင်ကျင်းပကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးခြင်းဆောင်ရွက်
Dec 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်းမန်းမြို့နယ်၊ ဝမ်ခလောင်း အုပ်စု၊ ဝမ်ခလောင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း တတိယအကြိမ် လည်ပတ်ရန်ပုံငွေများကို နေ့ချင်းအကျေပြန်ဆပ် ပြန်လည်ထုတ်ချေးခြင်းစနစ်ဖြင့် ငွေကျပ်(၃၃.၁၀)သန်းကို ယမန်နေ့က သွားရောက်ထုတ်ချေးပေးခဲ့သည်။
ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
Dec 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သတ္တမအကြိမ် ချေးငွေပြန်လည်ပေးဆပ်စေခြင်းနှင့် အဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲ
Dec 11,2022
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲအား ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရာသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။