မြိတ်မြို့တွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကျင်းပ
Dec 11,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို မြိတ်စာဖြေဌာနအဖြစ် မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနဗိမာန်တွင် ကျင်းပလျက်ရှိရာ သီလရှင်နှင့်လူပုဂ္ဂိုလ် များက အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူးဆောင် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။