၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကျိုက်မရော  ဒီဇင်ဘာ  ၁၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာ  ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အ.ထ.က (ကျိုက်မရော) ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  မော်လမြိုင်ခရိုင် ပညာရေးမှူးဒေါက်တာ ဒေါ်ခင်သူဇာ က အခြေခံပညာမူလတန်းအဆင့် (Grade-5) တန်းများအတွက် စာမေးပွဲဆိုင်ရာ  ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အခြေခံပညာ မူလတန်းအဆင့် (Grade-5) စာမေးပွဲနှင့် ပါတ်သက်၍ တာဝန်ယူသင်ကြားပေးလျက်ရှိသည့် Grade-5သင်ကြားရေး ဆရာ၊ဆရာမများသည် အလွန်အရေးကြီးသဖြင့်  ယခုလိုစာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ခရိုင်ပညာရေးမှူး  ဒေါက်တာ ဒေါ်ခင်သူဇာက ဆက်လက်ဆွေးနွေးပြီး Grade-5 ကျောင်းသား၊ကျောင်းသူများ၏ စာမေးပွဲဆိုင်ရာ အချက်အလက်များကို သင်တန်းနည်းပြ (၅)ဦးတို့က ပရိုဂျက်တာဖြင့် ကဏ္ဍအလိုက် သင်ကြားဆွေးနွေးပို့ချပေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ကျိုက်မရော မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများနှင့် Grade-5 အတန်းသင်ကြား ပေးနေသော   ဆရာ၊ဆရာမ စုစုပေါင်း (၂၇၉)ဦးတို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကာလမှာ တစ်ရက်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)